ချစ်ဦးသူရဲ့ မင်္ဂလာဆောင် On Your Wedding Day

လူတစ်ယောက်နဲ့တစ်ယောက် တစ်ဘဝလုံး ပေါင်းစပ်သွားဖို့ဆိုတာ မလွယ်ပါဘူး။ အတိတ်ကံတွေရော အခြားအခြားသော အကြောင်းအရာတွေ တိုက်ဆိုင်နေမှသာ ပေါင်းစပ်နိုင်ကြတာပါ။ ရည်းစားဦး အချစ်ဦးနဲ့ တစ်ဘဝလုံး ပေါင်းစပ်ဖို့ဆိုရင် ပိုလို့တောင်ခက်ပါသေးတယ်။ တကယ်လို့များပေါ့နော် ကိုယ်လုံးဝမေ့မရနိုင်အောင် ဖြစ်နေရတဲ့ ကိုယ်ရဲ့ အချစ်ဦးက ကိုယ်မဟုတ်တဲ့ အခြားသူတစ်ယောက်နဲ့ မင်္ဂလာဆောင်သွားမယ်ဆိုရင် အချစ်ဉီးရဲ့ မင်္ဂလာပွဲကို ဘယ်လိုအင်အားတွေနဲ့ တတ်ရောက်နိုင်မလဲ? အဲ့လိုမျိုး ဇာတ်လမ်းပုံစံလေးကို ကြည့်ချင်ရင်တော့ On Your Wedding Day ကို ကြည့်ရှုသင့်ပါတယ်။

 

ကိုရီးယားကောင်းကောင်းလေးတွေကို ကြိုက်နှစ်သက်သူတိုင်း Read More

Reviews

, ,

No Comments

လူသားတွေထဲက Vampire စုံတွဲအကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ Only Lovers Left Alive

ဒီတစ်ခေါက်မှာတော့ ၂၀၀၀ ခုနှစ်ကနေ ယနေ့ထိ ထုတ်လုပ်ခဲ့သမျှရုပ်ရှင်တွေထဲမှာ အကောင်းဆုံးရုပ်ရှင်ကား ၁၀၀ စာရင်းထဲမှာပါဝင်နေတဲ့ ဇာတ်ကားလေးတစ်ကားအကြောင်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးနာမည်ကတော့ Only lovers left alive ဖြစ်ပြီး ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ Vampire ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။

 

ဒီဇာတ်ကားမှာ Adam နဲ့ Eve ဆိုတဲ့ vampire လင်မယားနှစ်ယောက်က Read More

ခရစ္စမတ်အကြိုအဖြစ် တကယ်ကြည့်လို့ကောင်းမယ့် The Princess Switch

တစ်ခါတလေကျရင် လူတွေဟာ ကိုယ်တိုင် လက်ရှိကျင်လည်နေကြရတဲ့ ပတ်ဝန်းကျင်တွေ၊ ဘဝတွေကို ညည်းငွေ့လာတတ်ကြပါတယ်။ အပြောင်းအလဲ ဆိုတာတွေကိုလည်း လိုလားတောင့်တ လာတတ်ကြပါတယ်။

 

တစ်ခုသော ခရစ္စမတ်အားလပ်ရက်တွေမတိုင်ခင် တစ်ပတ်အလိုမှာပေါ့။ သာမန်အရပ်သူ မိန်းမပျိုလေး တစ်ယောက်ဖြစ်သလို ပျော်ပျော်လည်း နေတတ်တဲ့ Stacy ဟာ သူမနေထိုင်ရာ ချီကာဂိုမြို့ကနေပြီး Read More

ထူးထူးဆန်းဆန်းဇာတ်အိမ်လေးကြောင့် K-Drama ပရိသတ်တွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေး…

ဒီတစ်ခါမှာတော့ ဇာတ်အိမ်ဆန်းဆန်းလေးကို ကြိုက်နှစ်သက်တဲ့ K-Drama ပရိသတ်လေးတွေ အကြိုက်တွေ့စေမယ့် နိုဝင်ဘာလထွက် K-Drama ဇာတ်ကားလေးတစ်ကားအကြောင်း ပြောပြပေးသွားပါမယ်။ ဒီကားလေးကတော့ တောင်ကိုရီးယားမှာ နိုဝင်ဘာလ ၅ ရက်နေ့ကမှ စတင်ထုတ်လွှင့်နေတဲ့ Mama Fairy and the Wood Cutter ပဲဖြစ်ပါတယ်။

 

Korean Webtoon တစ်ခုကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး ခေါင်းစဉ်လေးကိုက အထူးအဆန်းလေးပါ…. နတ်သမီးလေးလည်း ပါပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ Read More

တရားဝင်ပိုစတာ ထွက်ရှိလာတဲ့ Clean With Passion For Now ဇာတ်လမ်းတွဲသစ်

နိုဝင်ဘာလထဲမှာ ပရိသတ်တွေ စောင့်ကြည့်သွားရမယ့် ကိုရီးယားဇာတ်လမ်းတွဲကောင်းလေးတစ်ခု ရှိနေပါတယ်ဗျ။ ဒါကတော့ Clean With Passion For Now ပါ။ မင်းသားချော Yoon Kyun Sang နဲ့ မင်းသမီးငယ်လေး Kim Yoo Jung တို့က အဓိကဇာတ်ဆောင်တွေအဖြစ် ပါဝင်သရုပ်ဆောင်ထားတာပါ။ အခုဆိုရင် ဒီဇာတ်လမ်းတွဲရဲ့ တရားဝင်ပိုစတာဟာလည်း ထွက်ရှိလို့လာခဲ့ပါပြီ။ အရမ်းကို ချစ်စရာကောင်းတဲ့ ပိုစတာလေးပါပဲခင်ဗျာ။

 

ဒီပိုစတာလေးထဲမှာတော့ Read More

Kim Hyun Joong ရဲ့ အမာခံ Fan တွေ လက်မလွတ်တမ်း စောင့်ကြည့်သွားရမယ့် ဇာတ်လမ်းတွဲသစ်

ရုံးပိတ်ရက်တွေ ကျောင်းပိတ်ရက်တွေမှာ အပြင်မသွားလာပဲ အိမ်တွင်းအောင်းပြီး ရုပ်ရှင်တွေစီးရီးတွေပဲ တစ်ဝကြီးထိုင်ကြည့်မယ့်သူတွေ ရှိပါသလားခင်ဗျာ။ ရှိတယ်ဆိုရင်တော့ ရိုက်လိုက်ပါဦးနော်။ ကျွန်တော်လည်း ရုံးပိတ်ရက်တွေကို ဒါတွေနဲ့ပဲ အတူဖြတ်သန်းသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဒီတော့ ဒီနေ့မှာ ကျွန်တော့်ရဲ့ ရုံးပိတ်ရက်တွေမှာ ကြည့်သွားဖို့ စီစဉ်ထားတဲ့ထားက ဇာတ်လမ်းတွဲတစ်ခုနဲ့ ပထမဆုံး မိတ်ဆက်ပေးသွားချင်ပါတယ်နော်။ ဒီဇာတ်လမ်းတွဲရဲ့ နာမည်ကတော့ That Time When Time Stops ဖြစ်ပါတယ်ခင်ဗျ။

 

ဒီဇာတ်လမ်းတွဲကို အဓိကရွေးချယ်လိုက်ရတဲ့ အကြောင်းအရင်းကတော့ Read More

ထူးခြားတဲ့လူနှစ်ယောက်ရဲ့ ဆန်းပြားတဲ့ချစ်ခြင်းမေတ္တာ The Beauty Inside

ဒီရက်ပိုင်းကတော့ အရမ်းကိုကြည့်လို့ကောင်းတဲ့ ကိုရီးယားဇာတ်လမ်းတွဲသစ်တွေ တပြုံတခဲကြီး ထွက်ရှိနေတဲ့ ကာလလို့တောင် ပြောရမလိုပါပဲ။ ဒါကြောင့် ဒီနေ့မှာတော့ ပရိသတ်တွေ အကြိုက်တွေ့စေနိုင်မယ့် ကိုရီးယားဇာတ်လမ်းတွဲသစ်လေးတစ်ခုကို ရွေးချယ်ပေးထားပါတယ်။ ဒီဇာတ်လမ်းတွဲလေးက အခုတလော ကိုရီးယားကား တော်တော်များများ အသုံးပြုဖြစ်နေတဲ့ ဇာတ်လမ်းမျိုးလေးဆိုပေမယ့် ပိုမိုပြီး ဆန်းပြားသလို ကြည့်လို့လည်းပိုကောင်းပါတယ်။ ဇာတ်လမ်းတွဲရဲ့ နာမည်ကတော့ The Beauty Inside ဖြစ်ပါတယ်။

 

The Beauty Inside ဇာတ်လမ်းတွဲကတော့ ၂၀၁၅ခုနှစ်က ထွက်ရှိခဲ့တဲ့ The Beauty Inside ရုပ်ရုပ်ဇာတ်ကားကို Read More

ဘဝနှစ်မျိုးနဲ့ NiNa ရဲ့ အကြောင်းတွေကို မြင်တွေ့ရမယ့် All About Nina

တကယ်တော့ နီနာ (Nina) ဟာ ဘဝနှစ်မျိုးထဲမှာ နေထိုင်ရတဲ့ အမျိုးသမီးတစ်ဦးပဲ ဖြစ်တယ်လို့ တင်စားနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမ လုပ်နေရတဲ့ အလုပ်အကိုင်နဲ့ ရည်မှန်းချက်တွေက သူမရင်ဆိုင်နေရတဲ့ တကယ့် လက်တွေ့ဘဝနဲ့ လုံးဝ မအပ်စပ်တာမို့ပဲ ဖြစ်ပါတယ်။

 

ဟုတ်ပါတယ်။ နီနာဟာ စင်မြင့်တွေထက်မှာ ရယ်စရာ စကားတွေကို (ကွက်စိပ်ဟောသလို) တစ်ယောက်တည်း ပြောရတဲ့ အလုပ်အကိုင်နဲ့ အသက်မွေးဝမ်းကျောင်း လုပ်နေရတဲ့ အမျိုးသမီးငယ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ နောက်… သူမရဲ့ Read More

သံသယမျက်ဝန်းတွေကြားထဲက အရောင်မမှိန်တဲ့ ချစ်ခြင်းမေတ္တာ The Smile Has Left Your Eyes

ကိုရီးယားပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာတော့ ဇာတ်လမ်းတွဲသစ်လေးတစ်ခုအကြောင်းနဲ့ မိတ်ဆက်လို့ပေးသွားချင်ပါတယ်။ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးတစ်ခုပါပဲ။ မင်းသားနဲ့မင်းသမီးကလည်း ခပ်ချောချောလေးတွေ။ ဇာတ်လမ်းပုံစံလေးကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ဇာတ်လမ်းရဲ့ နာမည်ကတော့ The Smile Has Left Your Eyes ပဲဖြစ်ပါတယ်ခင်ဗျ။

 

အချစ်ဒရာမာ ရသလေးကို သည်းထိတ်ရင်ဖို ခံစားချက်လေးတွေနဲ့ ရောစပ်ပေးထားတဲ့ The Smile Has Left Your Eyes ဇာတ်လမ်းတွဲကတော့ tvN ရုပ်သံလိုင်းကနေ Read More

နာဇီခေတ်ဆိုးထဲက အချစ်ပုံပြင်လေးတစ်ပုဒ်ကို မြင်ရမယ့် Where Hands Touch

ဂျာမန်သူမိခင်နဲ့ လူမည်းဖခင်တို့ကနေ မွေးဖွားလာခဲ့တဲ့ သမီးလေး Leyna ရဲ့ အသားအရည်ဟာ အဖေဘက်ကို မျိုးရိုးလိုက်သွားခဲ့တာမို့ ညိုသွားခဲ့ပါတယ်။ အဲဒီတော့ လူဖြူတွေကြားထဲမှာ နေရတဲ့ Leyna ဟာ သူမရဲ့ အသားအရောင်ကြောင့် အမြဲလိုလို ကြောက်ရွံ့အားငယ်စွာနဲ့ နေထိုင်ခဲ့ရပါတယ်။

 

အဲဒီနောက် အချိန်တွေကြာမြင့်လာခဲ့တဲ့ ၁၉၄၄ ခုနှစ်မှာတော့ Leyna ဟာ ၁၅ နှစ်အရွယ် Read More