လွမ်းမောဖွယ်ရာ Stan Lee အကြောင်း တစေ့တစောင်း

ဒီ ၂၀၁၈ ခုနှစ်ဟာ Mervel Comics အတွက်တော့ အကြီးမားဆုံးသော ဆုံးရှုံးမှုတစ်ခုနဲ့ ရင်ဆိုင်ရတဲ့ နှစ်ပဲဖြစ်တယ်လို့ တင်စားမယ်ဆိုရင် ရနိုင်လိမ့်မယ် ထင်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Mervel Comics က မွေးဖွားခဲ့တဲ့ ဇာတ်ကောင်တွေရဲ့ ဖခင်ကြီးတစ်ဦးဖြစ်သလို ပဲ့ကိုင်ဖန်တီးရှင်ကြီးတစ်ဦးလည်းဖြစ်တဲ့ Stan Lee ဟာ ကွယ်လွန်သွားခဲ့ရှာပြီမို့ပဲ ဖြစ်ပါတယ်။

 

ဟုတ်ပါတယ်။ Stan Lee ဟာ နိုဝင်ဘာလ ၁၂ ရက်နေ့ Read More

ကြွေလွင့်သွားရှာပြီဖြစ်တဲ့ Superhero တွေရဲ့ ဖခင်ကြီး Stan Lee

Marvel ဆိုတဲ့ publishing house သေးသေးလေးကို ကမ္ဘာတစ်လွှားက ရုပ်ရှင်ပရိသတ်တွေကြားမှာ နာမည်တစ်လုံးနဲ့ရပ်တည်နိုင်အောင် မြှင့်တင်ပေးခဲ့ပြီး လူငယ်လူကြီးမကျန် ရင်ထဲစွဲခဲ့ရတဲ့ superhero ဇာတ်ကောင်တွေရဲ့ဖန်တီးရှင်ကြီး Stan Lee ဟာ နိုဝင်ဘာ ၁၂ရက်နေ့မှာ Los Angeles က Cedars-Sinai Medical Center မှာကွယ်လွန်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ Read More

Mera ဇာတ်ရုပ်ကို သဘောကျနေတဲ့ Amber Heard

၂၀၁၈ခုနှစ် မကုန်ဆုံးခင်မှာ စောင့်ကြည့်သွားရမယ့် ဇာတ်ကားကောင်းတွေ အများကြီးကျန်ရှိနေပါသေးတယ်။ ဒီထဲမှာ DC Comics ရဲ့ Superhero ဇာတ်ကား Aquaman လည်း ပါဝင်လို့နေပါတယ်။ ဒီဇာတ်ကားကိုတော့ လာမယ့် ဒီဇင်ဘာလ ၁၄ရက်နေ့မှာ စတင်ရုံတင်ပြသသွားတော့မှာပါ။

 

ဒီဇာတ်ကားထဲမှာ အဓိကမင်းသမီးအဖြစ် Hollywood မင်းသမီးချော Amber Heard က အဏ္ဏဝါစွမ်းအားရှင် Read More

Iron-Man ရဲ့ စိတ်ဝင်စားစရာ အကြောင်းအရာများ

၁၉၉၆ခုနှစ်လောက်တုန်းက Marvel ဟာ သူတို့ရုပ်ရှင်ဇာတ်ကားတွေကနေ အမြတ်ရနှုန်းတွေ နည်းပါးနေခဲ့တာကြောင့် ငွေကြေးအခက်အခဲတွေ တော်တော်လေးကို ကြုံတွေ့ခဲ့ရပြီး အကြွေးတွေပါ တင်သွားရလောက်တဲ့အထိကို အခြေအနေဆိုးခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ငွေကြေးအခက်အခဲတွေကို ပြေလည်စေနိုင်ဖို့အတွက် Iron-Man ဇာတ်ကားကို ရှိသမျှတွေ ပုံအောပြီး ရိုက်ကူးခဲ့ရာမှာ Read More

ကမ္ဘာကျော် ရုပ်ရှင်ဒါရိုက်တာကြီးတစ်ဦးရဲ့ ချီးကျူးမှုကို ခံယူလိုက်ရတဲ့ Henry Cavill

Hollywood သရုပ်ဆောင်တွေတိုင်းလိုလိုမှာ အရမ်းကို လေးစားရတဲ့ အချက်တစ်ခု တူညီစွာ ရှိတတ်ကြပါတယ်။ သူတို့တွေဟာ လူမှုရေးပိုင်းမှာ ညံဖျင်းချင်ညံဖျင်းနေမယ် ဒါမှမဟုတ် အချစ်ရေးမှာ ပွေရှုပ်နေရင်နေမယ် သူတို့ရဲ့ အလုပ်တွေကိုတော့ အကောင်းဆုံး တာဝန်ယူလုပ်ကိုင်တတ်ကြတဲ့ အလုပ်အပေါ်ထားတဲ့ စိတ်ထားက တကယ့်ကို လေးစားစရာပါ။

 

ဒါကြောင့် သူတို့ရဲ့ ကြိုးစားမှုတိုင်းကို တစ်ကမ္ဘာလုံးက အသိအမှတ်ပြုကြတာပေါ့။ ဒီလို အလုပ်ကြိုးစားလွန်းလို့ ကမ္ဘာကျော် ရုပ်ရှင်ဒါရိုက်တာကြီး Christopher McQuarrie ရဲ့ ချီးမွမ်းမှုကို ခံယူလိုက်ရသူကတော့ Superman မင်းသား Read More

စတင်ထုတ်လွှင့်ပြသနေပြီဖြစ်တဲ့ DC ရဲ့ Titans ဇာတ်လမ်းတွဲ

ဒီရက်ပိုင်းမှာ ထွက်ရှိနေတဲ့ နိုင်ငံတကာက ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ ကိုရီးယားဇာတ်လမ်းတွဲတွေကပဲ မြန်မာနိုင်ငံက လူတွေအတွက် စိတ်ဝင်စားမှု ပေးစွမ်းနေနိုင်တာကို သတိထားသိမြင်နိုင်ပါတယ်။ ဒါပေမယ့် ယခု ထွက်ရှိလာခဲ့တဲ့ ဇာတ်လမ်းတွဲကတော့ ကိုရီးယားဇာတ်လမ်းတွဲတွေထက်ကျော်ပြီး ဆွဲဆောင်မှု အပြည့်အဝ ပေးစွမ်းနိုင်မှာ သေချာပါတယ်။

 

ဘာကြောင့်လဲဆိုတော့ ဒီဇာတ်လမ်းကို စောင့်စားနေကြသူတွေက အများကြီးပဲကိုး။ မကြာသေးခင်ကပဲ ဒီဇာတ်လမ်းတွဲရဲ့ Read More

Black Widow ဇာတ်ကားနဲ့ ဒေါ်လာ၁၅သန်းလောက် ရရှိနိုင်တဲ့ Scarlett Johansson

Scarlett Johansson ဆိုတာ ရုပ်ရှင်ချစ်သူတိုင်း သဘောကျနှစ်သက်ရတဲ့ မင်းသမီးတစ်ယောက်ပါ။ လှပလွန်းတဲ့ ရုပ်ရည် ခန္ဓာကိုယ်အနေအထားတို့ကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချော Scarlett Johansson ဟာ ဇာတ်ရုပ်တိုင်းကို အကောင်းဆုံးသရုပ်ဆောင်နိုင်သူလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း Hollywood ရဲ့ ဝင်ငွေအများဆုံး မင်းသမီးတစ်လက်အဖြစ် ရွေးချယ်သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ အခုလည်း သူမဟာ Black Widow ဇာတ်ကားနဲ့ အနုပညာကြေးကို အမေရိကန်ဒေါ်လာ ၁၅သန်းလောက် ရရှိဖွယ်ရှိနေပါတယ်ခင်ဗျာ။

 

ဒီငွေပမာဏက သရုပ်ဆောင်မင်းသားကြီးတွေအတွက် Read More

Iron Fist နဲ့ လက်တွဲဖြုတ်လိုက်တဲ့ Netflix

ထူးခြားဆန်းပြားလှတဲ့ မှော်စွမ်းအင်တွေနဲ့ လူဆိုးတွေကို လက်သီးပေါင်းများစွာနဲ့ ဆော်ပလော်တီးတတ်သူ Iron Fist ကတော့ သူရဲ့ စွမ်းဆောင်ရည်တွေ ဆက်လက်ပြသသွားဖို့အတွက် အခက်အခဲရှိနေပြီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Iron Fist ကို ထုတ်လွှင့်ပြသနေတဲ့ နာမည်ကျော် ဖျော်ဖြေရေးကွန်ယက်ကြီး Netfix ကနေ Iron Fist ရုပ်သံစီးရီးကို တရားဝင် ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်လို့ပါပဲ။

 

Marvel ရဲ့ Iron Fist ဇာတ်လမ်းတွဲကို ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် မတ်လကနေစတင်ပြီး Netflix ကွန်ယက်ကနေ စတင်ထုတ်လွှင့်ပြသခဲ့သလို Read More

MCU ကနေ နုတ်ထွက်ခဲ့ခြင်းက Avengers 4 အတွက် နမိတ်ပြခဲ့တာ မဟုတ်ဘူးဆိုတဲ့ Chris Evans

Captain America လို့ ပြောလိုက်တာနဲ့ မင်းသားချော Chris Evans ကို ပြေးမြင်မိသလို Chris Evans လို့ ပြောလိုက်တာနဲ့လည်း Captain America ကို ပြေးမြင်မိရလောက်အောင် ဒီမင်းသားနဲ့ဒီဇာတ်ရုပ်က အတော်လေးကို အံ့ဝင်ခွင့်ကျဖြစ်ခဲ့ရပါတယ်။ တကယ်လို့မျေား သူ့နေရာမှာ တခြားသရုပ်ဆောင်တစ်ယောက်ကိုသာ အစားထိုးရိုက်ကူးသွားမယ်ဆိုရင် သူ့လောက်အံ့ဝင်ခွင်ကျ ဖြစ်နိုင်မှာမဟုတ်ဘူးလို့ ယူဆထားကြသူတွေလည်း အရမ်းများပါတယ်။

 

ဒါပေမယ့် Chris Evans ကတော့ Captain America ဇာတ်ရုပ်ကို Read More

ဇာတ်ကားသစ်ထဲမှာ ဝတ်စုံဒီဇိုင်းသစ်နဲ့ တွေ့ရတော့မယ်ဆိုတဲ့ Spider- Man

စူပါဟီးရိုးဇာတ်ကောင် Spider- Man အဓိကပါဝင်တဲ့ Spider- Man: Far From Home ဇာတ်ကားကို ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက လန်ဒန်မြို့မှာ ရိုက်ကူးနေခဲ့တာ ဖြစ်တယ်လို့ သိခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီတုန်းကတော့ ဇာတ်ကားထဲက အပြောင်းအလဲတစ်ခုကို သိပ်မသိလိုက်ရပါဘူး။ အဲဒါက ဘာလဲဆိုတော့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ Spider- Man ရဲ့ ဝတ်စုံဒီဇိုင်း အပြောင်းအလဲကိစ္စပဲ ဖြစ်ပါတယ်။

 

ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကတော့ ဇာတ်ကားသစ်ထဲက Spider- Man ရဲ့ ဝတ်စုံဒီဇိုင်း Read More