Horror ကားချစ်သူတွေအတွက် ‘Blumhouse’s Truth or Dare’ Trailer

ကစားနည်းမျိုးစုံကိုကျိန်စာတွေထည့်ပြီးဇာတ်ကားရိုက်လာတာ ဒီတစ်ခါအလှည့်ကျတာကတော့ Truth or Dare ပါ။ ဒါပေမယ့်ဘယ်လိုပဲပြောပြော Horror ဇာတ်ကားချစ်သူတွေအတွက် စောင့်မျှော်စရာဇာတ်ကားတစ်ခု တိုးလာတာပဲဖြစ်ပါတယ်။။ Blumhouse Productions ရဲ့အသစ်စက်စက်ဒီဇာတ်ကားကတော့ ကောလိပ်ကျောင်းသားတစ်စု သဘာဝလွန်ကစားနည်းတစ်ခုကိုကစားမိရာကနေ အသက်လုပြီး ကျိန်စာကိုပျက်ပြည်စေတဲ့နည်းလမ်းကိုရှာဖွေရမယ့်ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ ဒီကျိန်စာသင့်နေတဲ့ Truth or Dare ကစားနည်းမှာ Truth မပြောရင်ဖြစ်စေ၊ Dare ကိုငြင်းခဲ့ရင်ပဲဖြစ်စေ အဲဒီလိုလုပ်တဲ့သူက အသေဆိုးနဲ့သေဆုံးရမှာဖြစ်ပါတယ်။

Blumhouse Production ကလည်း နောက်ပိုင်းတော်တော်အောင်မြင်လာတော့ သူ့နာမည်ကိုတောင် ဇာတ်ကားရဲ့ title မှာထည့်သွင်းလာတာကိုတွေ့ရပါတယ်၊ နာမည်အရှိန်နဲ့လုပ်စားတဲ့သဘောပေါ့။ အဲဒီလိုလုပ်လို့ရလောက်အောင်လည်း သူတို့ရဲ့အရှေ့ကဇာတ်ကားတွေကအောင်မြင်ထားကြတာကိုတွေ့ရမှာပါ။ Insidious, Paranormal Activity, The Purge, Unfriended စတာတွေက Blumhouse ရဲ့လက်ရာတွေထဲကအချို့ဖြစ်ပါတယ်။

ဒီ ‘Truth or Dare’ ဇာတ်ကားကို ‘Kiss-Ass 2’ ရဲ့ဒါရိုက်တာ Jeff Wadlow ကရိုက်ကူးပြီး ‘Pretty Little Liars’ TV Series ထဲက Lucy Hale နဲ့ ‘Teen Wolf’ TV Series ထဲက Tyler Posey တို့က ဦးဆောင်ပါဝင်ထားပါတယ်။ ဒီဇာတ်ကားကို ဧပြီလ ၂၇ ရက်နေ့ကျရင် ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

Shinkai Makoto ရဲ့ ‘Your Name’ ပရိသတ်တွေအတွက် Challenge

ဒီနှစ်ပိုင်းတွေထဲမှာထွက်ရှိခဲ့တဲ့ Anime film တွေထဲက နာမည်အကြီးဆုံး၊ အအောင်မြင်ဆုံး၊ ဝင်ငွေအရရှိခဲ့ဆုံးရုပ်ရှင်ဖြစ်တဲ့ ‘Your Name’ (Kimi no Na wa) ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့တုန်းက ပထမဆုံးအကြိမ် TV channel တွေမှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။ ထုတ်လွှင့်ပြသတဲ့အစီအစဉ်မတိုင်မှီမှာ ‘Your Name’ ရဲ့ဒါရိုက်တာ Shinkai Makoto က ပရိသတ်တွေကို challenge တစ်ခုမှာပါဝင်ဖို့ သူ့ရဲ့ twitter စာမျက်နှာကနေ ဖိတ်ခေါ်ခဲ့ပါတယ်။ Challenge လေးကတော့ သူ့ရဲ့အခြား Anime film တစ်ခုဖြစ်တဲ့ ‘The Garden of Words’ (Kotonoha no Niwa) ထဲက အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့ Akizuki Takao ကို ‘Your Name’ ဇာတ်ကားထဲမှာရှာဖွေခိုင်းတာဖြစ်ပါတယ်။ Takao ရဲ့ cameo က စက္ကန့်ပိုင်းလေးပဲကြာမြင့်တာမို့ ဒီ challenge က တော်တော်ခက်ခဲတဲ့အတွက် ပေါ့ပေါ့ပါးပါး အပျော်သဘောနဲ့သာရှာဖွေကြည့်ကြဖို့နဲ့ ထုတ်လွှင့်တာပြီးသွားရင် အဖြေကိုသူကိုယ်တိုင်ပြောပြမယ်လို့ Shinkai Makoto က အဆိုပါ tweet ထဲမှာဖော်ပြထားခဲ့ပါတယ်။

ကဲ.. မိတ်ဆွေတို့လဲ ‘Your Name’ ကို လွယ်လင့်တကူကြည့်ဖို့အဆင်ပြေတယ်ဆိုရင် ဒီ challenge လေးမှာပါဝင်ကြည့်လိုက်ပါလား။ အစအဆုံးပြန်မကြည့်နိုင်ရင်တောင် ကိုယ်ကြည့်ခဲ့တုန်းက မြင်များမြင်မိလိုက်သလားလို့ ပြန်စဉ်းစားကြည့်ပေ့ါ။ Shinkai Makoto ပေးခဲ့တဲ့အဖြေမှန်ကို အောက်မှာဖော်ပြပေးထားပါတယ်။

အဖြေမှန်လေးကတော့ အောက်မှာဖော်ပြထားတဲ့အတိုင်းပါပဲ။

Ref: Anime News Network
Cover Image: Kiminona

INSIDIOUS ချစ်သူတွေအတွက် မကြာခင်ရုံတင်တော့မယ် INSIDIOUS : The Last Key

၂၀၁၈ မှာ ရုံတင်ပြသမယ့် INSIDIOUS : The Last Key မှာတော့ ဘယ်လိုမကောင်းဆိုးဝါးတွေ ပါဝင်ဦးမလဲ ဆိုတာကို စောင့်မျှော်ကြရမှာဖြစ်ပါတယ်။ အရှေ့က INSIDIOUS တွေမှာတော့ ဖခင်ဖြစ်သူကို မကောင်းဝါးတွေကကပ်လိုက် သားဖြစ်သူရဲ့ ဝိဉာဉ်ကိုဖမ်းခေါ်ထားလိုက်နဲ့ အရမ်းကြောက်စရာကောင်းပြီး လူတိုင်းရင်တုန်ကြောက်လန့်ခဲ့ရတာ INSIDIOUS ရဲ့ Chapter တွေပါ။ INSIDIOUS  တင်တိုင်း ကြောက်စရာကောင်းမှန်းသိသိကြီးနဲ့ အားပေးခဲ့တဲ့ ပရိသတ်တွေကို အခုလည်း ဘယ်လိုဘယ်ပုံနဲ့ မကောင်းဆိုးဝါးတွေရဲ့ တာဆီးခြောက်လှန့်မှုတွေကို ထိတ်လန့်ကြောက်မက်ဖွယ်ကောင်းအောင် ဘယ်လိုရိုက်ကူးပြသထားလည်းဆိုတာကို ခံစားကြရတော့မှာ ဖြစ်ပါတယ်။ ၂၀၁၈ ဇန်နဝါရီ ပထမအပတ်လောက်မှာ release လုပ်မယ်လို့လည်း သိရပါတယ်။ Horror ဆိုတာ လူအများကြီးစုကြည့်ပြီး အော်ရဟစ်ရတာ ကြောက်စရာပိုကောင်းတာမို့ အခုကတည်းက ချစ်သူ၊ သူငယ်ချင်းကို INSIDIOUS အတူကြည့်ဖို့ လူစုထားကြနော်။