လက်စားချေလိုမှုတွေနဲ့ အသက်ရှင်ဖို့ ရုန်းကန်ရမှုတွေကို မြင်ရမယ့် Galveston

Galveston ဟာ စာရေးဆရာ Nic Pizzolatto ရဲ့ ရင်ဖိုစိတ်လှုပ်ရှားစရာကောင်းတဲ့ ဝတ္ထုကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ မူရင်းဝတ္ထုနာမည်ကလည်း Galveston ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးရဲ့ အကျဉ်းချုပ်ကတော့ ဒီလိုပါ။ Roy ဆိုတဲ့ အသက် ၄၀ အရွယ် လူတစ်ယောက်ဟာ အဆုတ်ကင်ဆာရောဂါကို ခံစားနေခဲ့ရတာပါ။ ဒါပေမဲ့ အဲဒီရောဂါက Roy ရဲ့အသက်ကို အတိအလင်း ရန်ရှာမလာသေးခင်မှာပဲ သူရဲ့သေမင်းဟာ အနီးကပ်ကို ရောက်ရှိလာခဲ့ပါတယ်။

 

အဲဒီသေမင်းကို ဖန်တီးပေးသူက တခြားလူတော့ မဟုတ်ပါဘူး။ Read More

ထီးရေးနန်းရေး အရှုပ်အထွေးတွေကြားက Mary Queen of Scots

Mary Queen of Scots ဆိုတဲ့ ဇာတ်လမ်းဟာ သြဇာအာဏာ ကြီးမားလှတဲ့ ဘုရင်မ Mary Stuart ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးပြသထားတဲ့ သမိုင်းရာဇဝင်နောက်ခံ ဒရာမာရုပ်ရှင် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။

 

တကယ်တော့ ဘုရင်မ Mary ဟာ အသက် ၁၆ နှစ်အရွယ်မှာ အိမ်ထောင်ကျပြီးတဲ့နောက်၊ ပြင်သစ်နိုင်ငံရဲ့ ဘုရင်မတစ်ပါး ဖြစ်လာခဲ့သူပါ။ ဒါပေမဲ့ သူမဟာ အသက် ၁၈ နှစ်အရွယ်မှာ ခင်ပွန်းသည်က ဆုံးပါးသွားခဲ့တာမို့ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ ဖြစ်ခဲ့ရပါတယ်။ အဲဒီတော့ အရွယ်အများကြီး ရှိသေးတဲ့ Mary ဟာ Read More

ဒရာမာဇာတ်လမ်းကောင်းဖြစ်တဲ့ The Children Act

Fiona ဟာ အလုပ်အရမ်းကြိုးစားတဲ့ အင်္ဂလန်က အမျိုးသမီး တရားသူကြီးတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ ဘယ်လောက်အထိတောင် အလုပ်ကြိုးစားသလဲဆိုရင် ခင်ပွန်းသည်ဖြစ်တဲ့ Jack ကိုတောင် အချိန်သိပ်မပေးနိုင်တဲ့ အခြေအနေအထိပဲ ဖြစ်ပါတယ်။

 

တစ်ခါမှာတော့ Fiona ဟာ အမှုတစ်ခုနဲ့ ဆက်စပ်ပြီး Adam ဆိုတဲ့ ၁၇ နှစ်နှစ်သားအရွယ် ဆယ်ကျော်သက် ကောင်လေးတစ်ယောက်နဲ့ ဆုံဆည်းခဲ့ရပါတယ်။ တကယ်တော့ Adam ဟာ သွေးကင်ဆာရောဂါကို ခံစားနေရတဲ့ ဝေဒနာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ Adam ကို ဆေးကုသပေးနေတဲ့ ဒေါက်တာတွေက Read More

ဗရုတ်သုတ်ခ အဖြစ်အပျက်တွေနဲ့ ကြည့်ရဦးမယ့် Night School

ထိုင်းမှိုင်းတဲ့ မိုးရာသီနေ့ရက်တွေထဲမှာ ရုပ်ရှင်ချစ်သူတွေကို လန်းလန်းဆန်းဆန်း ဖြစ်သွားစေမယ့် ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒီဇာတ်ကားလေးရဲ့ နာမည်ကတော့ Night School ပဲ ဖြစ်ပါတယ်။

Night School ဇာတ်ကားကို ရိုက်ကူးထားတဲ့ ဒါရိုက်တာကတော့ Malcolm D. Lee ပဲ ဖြစ်ပါတယ်။ အူတိအူကြောင် ဇာတ်ရုပ်တွေ၊ ဟာသဇာတ်ရုပ်တွေမှာ အရမ်း သရုပ်ဆောင်ကောင်းတဲ့ Read More

လျှို့ဝှက်ဆန်းကြယ်တဲ့ အိမ်အိုကြီးထဲက နာရီတစ်လုံး (The House with a Clock in Its Walls)

၁၉၅၃ ခုနှစ်မှာ ၁၀ နှစ်သားအရွယ် ချာတိတ်လေး Lewis ဟာ Michigan မှာရှိတဲ့ သူ့ဦးလေး Jonathan ဆီကို ရောက်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဦးလေးဖြစ်သူ နေထိုင်တဲ့ လျှို့ဝှက်ဆန်းကြယ် အိမ်အိုကြီးရဲ့ အရိပ်အောက်မှာ သူ့ဦးလေး Jonathan နဲ့အတူ မလွဲမသွေ နေထိုင်ရဖို့ ဖြစ်လာခဲ့ပါတယ်။

 

တကယ်တော့ ဦးလေး Jonathan ရဲ့ အိမ်ကြီးဟာ အိုမင်းလှပါပြီ။ တကျိကျိ တအိအိ မြည်သံတွေက ဟိုနေရာ ဒီနေရာတွေကနေ ဆိုသလို အမြဲလိုလို ထွက်ပေါ်နေတတ်တာမျိုးပါ။ အဲဒီတော့ ချာတိတ်လေး Lewis ဟာ Read More

၂၀၁၈ အတွက် ရုံတင်ရန် စီစဉ်ထားသော ဇာတ်ကားများ

အခုဆိုရင် မေလကုန်လို့  ၂၀၁၈ ရဲ့ နှစ်တစ်ဝက်ကို ကုန်ဆုံးပါတော့မယ်။ ရုပ်ရှင်ချစ်သူပရိသတ်တွေအတွက်လည်း ဒီနှစ်မှာ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားကောင်းတော်တော်များများကို ကြည့်ပြီးကြပြီလို့ ထင်ပါတယ်။ ဒါပေမဲ့ ကျန်ရှိနေတဲ့နှစ်တစ်ဝက်အတွက်လည်း ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရုံတင်ဖို့အတွက် ကျန်ရှိလို့နေပါသေးတယ်။ ကျန်နေသေးတဲ့ ဇာတ်လမ်းတွေထဲမှာ ကိုယ့်အကြိုက်ဇာတ်လမ်းတွေများ ရှိနေမလား တချက်ရှိုးလိုက်နော်။ Read More

‘Mowgli’ မှာ အသံသရုပ်ဆောင်အဖြစ် ပါဝင်သွားမယ့် Benedict Cumberbatch (Dr. Strange) နဲ့ Cate Blanchett

မနှစ်က ရုံတင်ခဲ့တဲ့ The Jungle Book ဆိုတဲ့ တောတွင်းဇာတ်ကားလေးကိုတော့ ရုပ်ရှင်ချစ်သူတို့ သိပြီးသားဖြစ်မှာပါနော်။ ဒီနှစ်မှာလည်း The Jungle Book မဟုတ်တဲ့ တောတွင်းရုပ်ရှင်ဇာတ်ကားတစ်ကား တင်ဖို့ရှိနေပါပြီ။ ဒီနှစ်မှာတင်မယ့် ဇာတ်ကားလေးရဲ့ နာမည်ကတော့ ‘Mowgli’ လို့ အမည်ရပြီး တောတွင်းနေ ကလေးလေးတစ်ယောက်နဲ့ တိရိစ္ဆာန်မျိုးစုံကို တွဲဖက်ပြီး ဇာတ်ကားကောင်းတစ်ကားဖြစ်အောင် ဖန်တီးရိုက်ကူးထားတာဖြစ်ပါတယ်။ အသက် ၁၄နှစ်အရွယ် Rohan Chand ဆိုသူ ကလေးလေးကတော့ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင် ‘Mowgli’ အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ‘Mowgli’ ရဲ့ အကိုဖြစ်သူ Shere Khan လို့ အမည်ရတဲ့ ကျားကြီးရဲ့ Read More

Transporter မင်းသားကြီး Jason Statham ဦးဆောင်ပါဝင်ထားတဲ့ ‘The Meg’ ရဲ့ First Trailer

the-meg

ငါးမန်းထက်ကြောက်ဖို့ကောင်းတဲ့အကောင်ကို သိပါသလား… အဖြေမှန်ကတော့ ဧရာမ ငါးမန်းပါ။ သာမန်အရွယ်ငါးမန်းတောင်မှ ဆူးတောင်မြင်တာနဲ့ အသည်းတွေယားနေရတာ သင်္ဘောတစ်စီးစာလောက်ကြီးတဲ့ ငါးမန်းဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ။

 

ကဲကဲ.. Topic ဖက်ပြန်သွားရအောင်။ တစ်ချိန်ကခေတ်စားခဲ့တဲ့ ငါးမန်းကားတွေ အရှိန်သေသွားတာ တော်တော်ကြာပါပြီ။ ကြိုကြားကြိုကြား တစ်ကားတစ်လေတွေ့ရပေမယ့် ကောင်းတဲ့ကားက လက်တစ်ဆုပ်စာလောက်ပဲရှိပါတယ်။ ကျန်တာတွေက B Movie ကားတွေဖြစ်ပြီးတော့ အဲဒီ B Movie ဇာတ်ကားတွေကြည့်ရတာ ဘယ်လိုမှ အာသာမပြေပါဘူး။ အခုတော့ တကယ့်ဒိတ်ဒိတ်ကြဲ မင်းသားမင်းသမီးတွေနဲ့ ဘတ်ဂျတ်ကို ရေလိုသုံးထားတဲ့ Blockbuster ငါးမန်းကားတစ်ကားလာပါပြီ။

Read More

အသက်ကြီးပေမယ့် မပျက်စီးသေးဘူးဆိုတာကို ‘Johnny English Strikes Again’ Trailer ထဲမှာပြလိုက်တဲ့ Mr. Bean

Johnny English Stikes Again

Mr. Bean (aka) Rowan Atkinson တစ်ယောက် ကျွန်တော်တို့ရဲ့မြင်ကွင်းကနေပျောက်နေတာ တော်တော်ကိုကြာပါပြီ။ မှတ်မှတ်ရရပြောရမယ်ဆိုရင် ၂၀၁၁ တုန်းကထွက်ခဲ့တဲ့ ‘Johnny English Reborn‘ မှာ နောက်ဆုံးမြင်ခဲ့မိတာပါပဲ။ အခုတော့ သူ့ကိုချစ်တဲ့ပရိသတ်တွေကို တစ်နေ့ကထွက်တဲ့ ‘Johnny English Strikes Again‘ ရဲ့ Trailer မှာ လူလုံးထွက်ပြခဲ့ပြီး အသက်ကြီးပေမယ့် မပျက်စီးသေးကြောင်း ပြသွားခဲ့ပါတယ်။
Read More

ကြည့်ပြီးရင် တစ်ကိုယ်လုံးအရည်ပျော်သွားလောက်အောင် ချစ်ဖို့ကောင်းတဲ့ ‘Pandas’ ရဲ့ Trailer

Pandas_2018_Warner_Bros_IMAX

Warner Bros က Justice League မှာကွဲခဲ့သမျှကို အဖတ်ပြန်ဆယ်မယ့် သူ့ရဲ့လျှို့ဝှက်လက်နက်ကို ထုတ်ပြလိုက်ပါပြီ…

 

လူတစ်ချို့ကတော့ ပြောနေကြပါတယ်.. Warner Bros က Justice League မှာရှုံးခဲ့သမျှ ဒီရုပ်ရှင်နဲ့ပြန်သိမ်းကျုံးယူမှာတဲ့..

 

နောက်ပြောင်ပြီးပြောနေတာ အသိသာကြီးဖြစ်ပေမယ့် ဒီနေ့ထုတ်ပေးလိုက်တဲ့ ဒီ Trailer လေးကို ကြည့်ပြီးချိန်မှာတော့ ဒါကြီးကတကယ်ဖြစ်နိုင်တယ်ဟ ဆိုပြီး ဇဝေဇဝါတောင် ဖြစ်သွားခဲ့ပါတယ်။ ဘာကြောင့်များလည်း… တမုန်းကို ချစ်စရာကောင်းလွန်းလို့ပါ 😍

Read More