Disney ချစ်သူလေးတွေအတွက် မကြာခင်ပြသတော့မယ့် The Nutcracker and the Four Realms

ငယ်ရွယ်စဉ်ကလေးဘဝကတည်းက ကလေးတိုင်းလိုလို အတူကြီးပြင်းလာခဲ့ရတဲ့ Disney ကမ္ဘာလေးကိုတော့ ဘဝအတွက် အမြဲမှတ်မှတ်ရရရှိနေကြလိမ့်မယ်လို့ ထင်ပါတယ်။ ဘယ်အသက်အရွယ်ကိုဘဲရောက်ရောက် Disney ကဇာတ်ကားလေးတွေဟာ ရိုးမသွားနိုင်ဘဲ ဒီနေ့ထိလည်း ဖန်တီးမှုအသစ်တွေနဲ့ ပရိသတ်ကို ချပြနေဆဲပါ။ အခုတခါလည်း Disney ကနေ ပရိသတ်အတွက် The Nutcracker and the Four Realms လို့အမည်ရတဲ့ ဇာတ်ကားအသစ်တစ်ကားကို ချပြဖို့ရှိနေပါတယ်။ ဒီဇာတ်ကားလေးကို နိုဝင်ဘာလ ၂ ရက်နေ့မှာ ရုံတင်ပြသမယ်လို့ ကြေငြာထားပြီး fantasy film လို့ခေါ်တဲ့ Disney ရဲ့ပုံစံအတိုင်း စိတ်ကူးယဉ်ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ ဒါရိုက်တာ Lasse Hallström ကနေ E. T. A. Hoffmann’s The Nutcracker and the Mouse King  ဆိုတဲ့ စာအုပ်ကိုအခြေခံပြီး ပြန်လည်ဖန်တီးရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပါ။

 

ဒီဇာတ်ကားမှာတော့ Disney ရဲ့ပုံစံအတိုင်း မှော်ပညာတွေ Read More

လူသားသရုပ်ဆောင်များနဲ့ (Live Version)  မြင်တွေ့ရမယ့် Disney ရဲ့ နာမည်ကျော်ဇာတ်ကားများ

သင်ဟာ ကမ္ဘာကြီးရဲ့ဘယ်နေရာဒေသမှာ မွေးဖွားသည်ဖြစ်စေ ဒစ်စနေရဲ့ ကာတွန်းကားတွေနဲ့ သင့်ကလေးဘဝကို ဖြတ်သန်းခဲ့ရမယ်ဆိုတာ သေချာပါတယ်။ ၈၀,၉၀,၂ဝဝဝ မှာမွေးဖွားသူတွေ (80,90,2000’s Kids) အတွက်ကံကောင်းတာက ကြီးပြင်းလာချိန်မှာ ဒစ်စနေးဟာ တစ်ချိန်ကအောင်မြင်ခဲ့တဲ့ ကာတွန်းရုပ်ရှင်တွေကို လူသားသရုပ်ဆောင်တွေနဲ့ပြန်လည်ရိုက်ကူးတဲ့ (Live Version) ကိုကြည့်ရှူခံစားခွင့်ရတာပါ။

လွန်ခဲ့တဲ့နှစ်တွေမှာSnow White, Cindrella, Maleficent, Beauty and the Beast အစရှိတဲ့ Read More

Unstoppable Disney – 20th Century Fox ကို ဒေါ်လာ ၅၂.၄ ဘီလျံနဲ့ဝယ်ယူဖို့ကြံစည်နေပြီ

၁၉၃၅ ခုနှစ်မှာ William Fox စတင်တည်ထောင်ခဲ့တဲ့ 20th Century Fox ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းကြီးဟာ များမကြာခင်မှာ Walt Disney ရဲ့ လက်ထဲမှာကျဆင်းရတော့မှာပါ။ ၂၀၁၇ ဒီဇင်ဘာလလယ်လောက်မှာ Walt Disney က Fox ကို ၅၂.၄ ဘီလျံလောက်နဲ့ ဝယ်ယူတော့မယ့်အကြောင်းသတင်းတွေထွက်လာခဲ့တာဖြစ်ပါတယ်။

Walt Disney လို့ဆိုလိုက်တာနဲ့ မသိသူမရှိတဲ့အပြင် ချစ်စရာ mini mouse  လေးကိုတောင် မျက်စိထဲမြင်လာတဲ့ထိ အောင်မြင်နေခဲ့တဲ့ လုပ်ငန်းကြီးတစ်ခုဖြစ်ပါတယ်။ အကြီးအကျယ်အောင်မြင်နေတဲ့ Walt Disney ဟာ သူ့လုပ်ငန်းကို ဒီလောက်နဲ့မရပါပဲ ပိုပိုပြီး ကြီးကျယ်အောင် ကြံစည်နေတာကို Pixar (2006), Marvel studios (2009) တို့နဲ့ lucasfilm (2012) စတဲ့ တခြားနာမည်ကြီး production တွေကိုဝယ်ယူနေတာကိုကြည့်တာနဲ့သိနိုင်ပါတယ်။

အခုနောက်ဆုံးရသတင်းအရဆိုရင်တော့ 20th Century Fox ရဲ့ လုပ်ငန်းတစ်ခုလုံးနီးပါးကို အပိုင်သိမ်းမယ့်အနေအထားရှိပြီး Fox အတွက်ကျန်ခဲ့မှာကတော့ Fox network နဲ့ Fox News ၂ခုနဲ့ပဲကျန်ရစ်ရပ်တည်ရတော့မှာဖြစ်ပါတယ်။

Fox အနေနဲ့ ဘာကြောင့် Disney ကိုထိုးပေးလိုက်ရလဲဆိုတဲ့ ဆင်ခြေတွေရှိနေမှာပါ။ ကြားရသလောက်ဆိုရင်တော့ တစ်အချက်– Disney ဖက်က Fox မငြင်းနိုင်လောက်တဲ့ ငွေကြေးပမာဏကိုပေးနိုင်တာ၊ နှစ်အချက်– Fox ပိုင်ရှင်မိသားစုအနေနဲ့  Fox ကိုပေးလိုက်ရပေမယ့် အပြန်အလှန်အနေနဲ့ Disney  ရဲ့ ရှယ်ယာတစ်ချို့ကို ပြန်ရမှာဖြစ်တဲ့အတွက်ရယ်၊ သုံးအချက်အနေနဲ့ကတော့ရှင်းပါတယ် ခုလိုမီဒီယာခေတ်ကြီးထဲမှာ Fox အနေနဲ့ တကိုယ်တည်း ရပ်တည်နေနိုင်ဖို့မလွယ်ကူနိုင်တော့ဘူးဆိုတာ သိလာနေပြီဆိုမှတော့ ဝယ်သူရှိတုန်း ရောင်းထားလိုက်တာ ပိုကိုက်မယ်မလား။ ကိုယ့်ထက်ပိုကြီးတဲ့ production တွေနဲ့ ယှဉ်ပြိုင်ဖို့ အင်အားမလုံလောက်ရင် ကြိုပြီးပူးပေါင်းထားမှ အသက်ရှုချောင်မယ့် အခြေအနေမျိုးကို Fox အနေနဲ့ တွေးမိထားမယ်ထင်တာပါပဲ။ အဲ့ဒီအပြင် တခြားအကြောင်းအရာတွေနဲ့ မိသားစုအရှုပ်အထွေးတွေလဲရှိတယ်လို့ ကြားမိပါတယ်။

ကဲ ဘယ်လိုပဲပြောပြော Disney  လက်အောက်ထဲရောက်သွားမယ့် Fox ကနေရော ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားတွေထွက်လာဦးမလဲဆိုတာကို စောင့်ကြည့်လိုက်ရအောင်နော်..