Woody Allen ရဲ့ အကောင်းဆုံး လက်ရာတွေထဲက တစ်ခုဖြစ်တဲ့ Midnight In Paris

နာမည်ကျော် ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ Woody Allen ကို ကျွန်တော်တို့ အထူးတလည် သတိထားမိစေတဲ့ အကြောင်းကတော့ သူ့ရုပ်ရှင် တော်တော်များများ ဟာ အရမ်း Artistic ဖြစ်လွန်းပြီး reality ကနေ ဖောက်ထွက် နိုင်စွမ်းရှိတာကြောင့်ပါပဲ ။ reality ကဖောက်ထွက်တယ် ဆိုတော့လည်း science- fictions တွေတော့လည်း မဟုတ်ပြန်ပါဘူး ။ Woody Allen ရဲ့ အဓိက အားသာချက်ကတော့ ပုံမှန် ရုပ်ရှင်တွေရဲ့ အခြေခံ ဇာတ်ကွက်တွေပဲ ဖြစ်တဲ့ ဟာသ တွေ နဲ့ အချစ်ဇာတ်လမ်းတွေကို သူများနဲ့ မတူအောင် တင်ဆက်နိုင်တာမျိုးပါ ။ တချို့ ရုပ်ရှင် တွေမှာတော့ Woody Allen ဟာ အနည်းငယ်ကြောင်တယ် ထင်ရပေမယ့် Annie Hall, Manhattan နဲ့ Midnight in Paris လို ရုပ်ရှင်မျိုးတွေမှာတော့ သူဟာ ရုပ်ရှင်လောက ရဲ့ အထွဋ်အထိပ် ဒါရိုက်တာ တစ်ဦးဖြစ်ကြောင်း ထင်ရှားနေပါတယ် ။
Midnight In Paris ဟာဆိုရင် 2011 ခုနှစ်မှာထွက်ရှိခဲ့တာ ဖြစ်ပြီး အဓိက ဇာတ်ဆောင် အနေနဲ့တော့ ကျွန်တော်တို့ ချစ်ရတဲ့ သရုပ်ဆောင် တစ်ဦး ဖြစ်တဲ့ Owen Wilson ကပါဝင်ထားတာဖြစ်ပါတယ် ။ ဒီရုပ်ရှင်ကလည်း woody allen ရဲ့ ထုံးစံ အတိုင်း comedy ဖက်သန်းတဲ့ ဇာတ်အိမ် ဖြစ်တဲ့ အတွက် Wilson နဲ့ အတော်လိုက်ဖက်တဲ့ character ဖြစ်ပါတယ် ။ Wilson ရဲ့ အမျိုးသမီး နေရာမှာ သရုပ်ဆောင်ထားတာကလည်း ကျွန်တော်တို့နဲ့ မစိမ်းလှတဲ့ မင်းသမီး Rachel McAdams ဖြစ်ပါ ။
Wilson ဟာ ဒီဇာတ်ကားထဲမှာ inspiration ပျောက်နေတဲ့ စာရေးဆရာ တစ်ဦး နဲ့ အဖြစ် စတင်ထားပြီး သူဟာ သူ့အမျိုးသမီး ဖြစ်တဲ့ Rachel နဲ့ အတူ Rachel ရဲ့ မိဘ တွေရှိရာ Paris ကို အပျော်ခရီး ထွက်လာတာဖြစ်ပါတယ် ။ တကယ်တော့ Wilson ဟာ Rachel တို့ရဲ့ ခရီးစဉ်မှာ မပျော်လှပါဘူး ။ Rachel ရဲ့ မိဘ တွေဟာ ကိန်းခန်းကြီးလွန်းတဲ့ လူချမ်းသာတွေ ဖြစ်ကြပြီး Wilson ကိုလည်း အထင်သေးကြပါတယ် ။ အဲ့အတွက် Wilson က paris မှာ တစ်ယောက်တည်း လျှောက်သွားရင်း မထင်မှတ်ထားတဲ့ ဖြစ်ရပ်ဆန်းကြယ် တစ်ခု နဲ့ ကြုံရပါတော့တယ် ။ အဲ့တာကတော့ သူဟာ ရထားလုံးတစ်ခုနဲ့ လိုက်ပါသွားရင်း ပါရီ မြို့ရဲ့ 1920 ခုနှစ်ကို ရောက်သွားတာပါပဲ ။ Spoil မိသလို ဖြစ်မှာစိုးတာကြောင့် ကျွန်တော် အများကြီးတော့မပြောတော့ပါဘူး ။ Wilson ရဲ့ အချိန်နောက်ပြန်ခရီး မှာ သူဆုံလိုက်ရတဲ့ နာမည်ကျော် အချို့ကတော့ Ernest Hemingway, Scott Fitzgerald, Picasso, Dali, Paul Gauguin အစရှိတဲ့ နာမည်ကြီးတွေအပြင် အခြား artist တော်တော်များများ ကိုလည်း ထည့်သွင်းပုံဖော်ထားပါတယ် ။
ပြောရရင်တော့ Midnight in Paris ဟာ woody allen ရဲ့ လက်ရာတွေထဲမှာ လစ်လျူ ရှူ့ လို့မရတဲ့ အကောင်းဆုံး ရုပ်ရှင် တစ်ကားပါပဲ ။ ကားကလည်းထွက်တာ အရမ်းမကြာသေးတဲ့အတွက် ရိုက်ချက် တွေ ဇာတ်ကွက် တွေအကုန်ကလည်း ခေတ်မှီနေသေးလို့ အချိန်ပေးကြည့်ရှူ့ ဖို့ အကြံပေးလိုက်ပါတယ် ။